1 Aug 2025 စစ်ကောင်စီမှသည် စစ်ကော်မရှင်သို့ – စစ်ခေါင်းဆောင်၏ အာဏာကစားပွဲ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး လေးနှစ်ခွဲအကြာမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)ဆိုတဲ့နာမည်ကို အဆုံးသတ်လိုက်ပြီး နာမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်ပါပြီ။ ဒါကတော့ ‘နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်’ဆိုတာပါပဲ။ သူ့ကိုလည်း အရင်အတိုင်းပဲ စစ်ကော်မရှင်လို့ ခေါ်နေကြပါတယ်။ တခါ ကာလုံအတွက် ရာထူးအသစ်ဖန်တီးခန့်ထားလိုက်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းသံတွေ တော်လှန်ရေးအင်အားစုတွေအကြား ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ချိန်မှာ စစ်ကောင်စီက အပြောင်းအလဲကို အရင်လုပ်လိုက်တာပါ။ ဒါဟာ သူစီစဉ်ထားတဲ့ အချိန်ဇယားအရလို့လည်း ယူဆနိုင်ပါတယ်။ စစ်ကောင်စီရဲ့ အခုအပြောင်းအလဲဟာ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲအလွန် အာဏာဆက်ကိုင်ထားနိုင်ဖို့အတွက် စနစ်တကျ ပြင်ထားတာကို မြင်ရပါတယ်။ ကာလုံလို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေကို ပြန်အပ်လိုက်ပြီလို့ ဆိုပါတယ်။ ဒီပြောင်းလဲလိုက်တဲ့ ပုံစံအသစ်ကို လည်ပတ်ဖို့ ယန္တရားလေးခု […]
29 Jul 2025 စစ်ကောင်စီရွေးကောက်ပွဲ ဦးသိန်းစိန် ၂.၀ ဖြစ်မလာနိုင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အုပ်စီးထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ကို အသွင်ပြောင်းလူခွဲကစားကြမယ့် အခင်းအကျင်းမျိုးပဲ ဖြစ်လာမှာပါ။ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပြည်တွင်းနိုင်ငံရေးပါတီတွေအနေနဲ့လည်း ‘ဦးသိန်းစိန် ၂.၀’ လို အခင်းအကျင်းမျိုး မျှော်လင့်ထားရင်တော့ မှားကြပါလိမ့်မယ်။
25 Jul 2025 ကိုယ့်လုပ်အားဟာ မတရားမှုအတွက် တံခါးမဖြစ်စေပါနှင့် အလုပ်ခေါ်သူကို တယ်လီဂရမ်ကတဆင့်သာ ဆက်သွယ်ခဲ့ရပြီး လုပ်ငန်းရှင်ဘက်က လုပ်ငန်းအကြောင်း ရှင်းရှင်းလင်းလင်း မပြော။ ဝေဝါးနေတယ်။ အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ်အစမှာပဲ ပတ်စ်ပို့၊ Facebook ပရိုဖိုင်နဲ့ ကိုယ်ရေးကိုယ်တာပုံတွေကို တောင်းခံခဲ့တယ်။
22 Jul 2025 တော်လှန်ရေးကာလ နိုင်ငံရေးဘောဂဗေဒရထားကြီး ဘယ်ဆီမောင်းနေလဲ မှောင်ခိုစီးပွားရေးလည်း ကြောက်ခမန်းလိလိကို ကြီးထွားလာခဲ့ပါတယ်။ နဂိုကတည်းက ဒီလုပ်ငန်းတွေ အမြစ်တွယ်တည်ရှိနေခဲ့ပေမဲ့ အခုကာလမှာတော့ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ လောင်းကစားတွေရဲ့ အခန်းကဏ္ဍက အပြိုင်းအရိုင်းနဲ့ ထွားကျိုင်းလာခဲ့တာပါ။
11 Jul 2025 တော်လှန်ရေးအတွင်း မျက်ခြည်မပြတ်သင့်သော ဇာတ်ကွက်များ ဖြစ်ရပ်ကို ပုံဖော်တဲ့ ဇာတ်လမ်းတွေက လှည့်စားနိုင်စွမ်းရှိတာကြောင့် နိုင်ငံရေး မျက်နှာစာမှာ ဒီဇာတ်လမ်းတွေက ဖြစ်ရပ်ထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။ လူတွေရဲ့ စိတ်ကို မသိမသာလေး လှည့်စားသွားနိုင်ပါတယ်။ ... လူအများအကြား ဝေဝါးမှုတွေ ဖြစ်လာစေပါတယ်။
25 Jun 2025 တောင်တောရယ်သာ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို အနောက်နိုင်ငံတွေက အာရုံစိုက်ပေမဲ့ မြန်မာ့အရေးမှာတော့ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံဆိုလို့ တရုတ်တနိုင်ငံပဲရှိပါတယ် ... ဒီတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် မြန်မာ့အရေးမှာ တရုတ်နိုင်ငံရဲ့ ပါဝင်နေမှုကို ဘယ်လိုနားလည်ကြမလဲ၊ ဘယ်လိုအသုံးချနိုင်မလဲဆိုတာက အရေးကြီးပါတယ်။
20 Jun 2025 ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းထုပ်၊ အလွတ်မရှိသော ဘ၀များ လူထုကတော့ ချီးကျူးစရာ ဆိုပေမဲ့ ရေကြီးလည်း သူ၊ ငလျင်လှုပ်လည်း သူ၊ ရွာက ပညာရေးနဲ့ ကျန်းမာရေး၊ သာရေးနာရေး ဆက်ကြေးလည်း သူဆိုတော့ လူမင်း မကယ်နိုင်၊ နန္ဒာလှိုင် မကယ်နိုင် ဖြစ်နေတယ်။ ဒီကြားထဲ ‘သူချစ်ခင်’ ကားကလေး ကြည့်မိတာ ‘ပေါကား၊ တောသား’ ဆိုပြီး ပြောခံရသေးတယ်။
18 Jun 2025 ပလ္လင်ကို ပြောင်းပြန်လှန်တော့ ဇောက်ထိုးကြီး ဖြစ်ရုံပေါ့ မိနန်းတို့ကို အရေးယူမည်ဆိုသည်ကား တလရနှင့် မအလကို တန်းညှိလိုက်သည်သို့။ တစ်ယောင်ဆောင်ထားသော ဘူတွေပေလော။ မင်းလုပ်သလို ငါတို့လည်းပြန်လုပ်မည်ဟူသည့် လက္ခဏာ။
16 Jun 2025 စစ်သုံ့ပန်းများကို မည်သို့တရားစီရင်မည်နည်း နှစ်ဖက်စလုံးက သူသေကိုယ်သေ ရင်ဆိုင်တိုက်ခဲ့ပြီးမှ ဖမ်းမိတာ၊ လက်နက်ချတာဖြစ်လို့ ဒေါသတွေလည်း အနည်မကျသေးပါဘူး။ တိုက်ပွဲအတွင်းမှာ ကိုယ့်ဘက်က အဖိတ်အစဉ်ရှိခဲ့ရင် ပိုဆိုးပါလိမ့်မယ်။
13 Jun 2025 တော်လှန်ကာလ၊ တော်လှန်ရေးနှင့် လိင်အကြမ်းဖက်မှု ကျူးလွန်သူကို ပုဂ္ဂိုလ်ရေးနဲ့မရောထွေးစေဘဲ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပါမှ ကျူးလွန်ခံရသူအတွက် စစ်မှန်တဲ့ တရားမျှတမှုဖြစ်သလို နောင်ဖြစ်လာမယ့် အမှုတွေကိုလည်း ကာကွယ်နိုင်မယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ကျူးလွန်ခံရသူကို victim blaming မလုပ်ကြဘဲ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်နိုင်စေဖို့ အကောင်းဆုံး ဆက်ပြီးကူညီပေးရမှာပါ။
6 Jun 2025 ပိုဆင်းရဲလာသော ရန်ကုန်နှင့် … ရန်ကုန်ဟာ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအတွက် ကျောတခင်းစာနားခိုရာ ဖြစ်နေသေးပေမဲ့ အေးမြတဲ့ အရိပ်တော့ မဟုတ်ပါဘူး ... ဒါပေမဲ့ နဂိုကတည်းက ဖွံ့ဖြိုးမှုနည်းပါးတဲ့ ဒေသတွေ၊ စစ်ဘေးသင့် ဒေသတွေမှာတော့ မတွေးဝံ့ရဲလောက်အောင် ကျပ်တည်းဆင်းရဲနေပါတယ်။
2 Jun 2025 ငါကြီးလာရင်… မပြည့်စုံတော့တဲ့ ဝါကျများ လွတ်မြောက်နယ်မြေက ဗုံးခိုကျင်းထဲမှာ ကြောက်ရွံ့နေရတဲ့ ကလေးငယ်တွေရဲ့ မျက်လုံးတွေနဲ့ စစ်ကောင်စီထိန်းချုပ်ရာဒေသက ပန်းကုံးတွေ၊ ရေဘူးတွေ၊ စားဖွယ်တွေကို ရောင်းနေရတဲ့ ကလေးငယ်တွေရဲ့ လက်တွေဟာ မြန်မာပြည်ရဲ့ ပုံရိပ်ဖြစ်နေပါတယ်။
28 May 2025 အာဆီယံ-မြန်မာအရွေ့ ခက်ဖွယ် ခက်ဖွယ် တကယ်တော့ မြန်မာနိုင်ငံကို ဗဟိုပြုပြီး ကမ္ဘာကြီးနဲ့ အာဆီယံက လည်ပတ်နေတာ မဟုတ်ပါဘူး။ အခြား အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးဖို့ များစွာရှိပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ထရန့်က သွင်းကုန်ခွန်တွေ ရာခိုင်နှုန်းမြင့်မားစွာ ချလိုက်တာကို ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ ခေါင်းကိုက်နေကြရပါတယ်။
26 May 2025 ကြိုတင်တွေးဆ ဆင်ခြင်တဲ့အလေ့အထ လိုနေတဲ့ မြို့ပြခန့်ခွဲမှု မြို့ကြီးတွေဟာ ငလျင်ဘေးအတွက် ထိခိုက်လွယ်လွန်းတယ်။ ရာသီဥတုဘေး ခံနိုင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။ ရန်ကုန်မှာ မြေကျွံမှုတွေ၊ ရေကြီးမှုတွေက နောက်ပိုင်းခပ်စိပ်စိပ်။ လျော့ကျလာဖို့ ဝေလာဝေး၊ ပိုတိုးလာဖို့ပဲရှိတယ်။ ဒါကြောင့် ကျနော်တို့ မြို့ကြီးတွေကို ဖြစ်သလို မဖွံ့ဖြိုးစေချင်တော့ဘူး။
23 May 2025 ပြစ်ဒဏ်ခတ်တာ တရားမျှတဖို့အတွက် အဖြေလား ပဋိပက္ခနဲ့ စစ်မက်တွေအကြား ထိခိုက်မှုများစွာနဲ့ နှစ်ရှည်လများဖြတ်သန်းလာတဲ့ မြန်မာနိုင်ငံထဲက လူထုအကြား တနေ့နေ့တချိန်ချိန် တရားမျှတမှုရှာဖွေကြ၊ အရေးဆိုကြရင် ပြစ်ဒဏ်ခတ်ခြင်းနည်းလမ်း(punitive justice) တခုတည်းကို စိတ်ခံစားချက်နောက်လိုက်ပြီး ရွေးချယ်ကြမှာ စိုးရိမ်မိပါတယ်။