28 Oct 2025 မြန်မာပြည်ပြန်ကြမှာလား – ရွှေ့ပြောင်းမြန်မာတွေဖြစ်လာဖို့ ဆွဲငင်အားနှင့် တွန်းထုတ်အား ကျနော့်မိတ်ဆွေ ထိုင်းလူမျိုးတွေဆီကလည်း ကြားနေကျတခုရှိပါတယ်။ “မင်းတို့နိုင်ငံမှာ ဒီလောက်အခြေအနေတွေဆိုးနေတာတောင် မင်းတို့လူမျိုး အလုပ်သမားတွေက ဘယ်အချိန်မေးမေး အိမ်မပြန်တော့ဘူးလို့ တခါမှ မဖြေကြဘူး” တဲ့။
21 Oct 2025 မြန်မာ့အရေး အမေရိကန်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာနှင့် အိန္ဒိယနိုင်ငံအပေါ် သက်ရောက်မှုများ စိတ်ဝင်စားစရာကောင်းတာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို နောက်ခံထားပြီး မြန်မာနိုင်ငံအတွင်းမှာ လျှို့ဝှက်စစ်ဆင်ရေး ပြုလုပ်ဖို့ တိတ်တဆိတ်လုပ်ဆောင်နေခဲ့တာပါ။ အမေရိကန်အရာရှိတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
16 Oct 2025 ‘ကယ်တင်ရှင်’တို့၏အလွန် – စိမ်းလန်းသော မျှော်လင့်ချက်များဆီသို့ (ရေတံခွန်အောက်က ရှုပ်ထွေးသော အရိပ်များ) စစ်ရေးအရ အောင်မြင်မှုဟာ နိုင်ငံရေးအရ အောင်မြင်မှုနဲ့ ထပ်တူမကျပါဘူး။ လုံခြုံရေးပေးတယ်ဆိုတာ လက်နက်အင်အားနဲ့ ရန်သူကို ချေမှုန်းရုံသက်သက် မဟုတ်ဘဲ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲတတ်ဖို့ အရေးကြီးပါတယ်။
14 Oct 2025 ဓားသွား မကြွေ၊ လှံမခွေဖို့ ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။
9 Oct 2025 လွတ်မြောက်နယ်မြေတဲ့လား လွတ်မြောက်ခြင်းဆိုတဲ့ ဝေါဟာရထဲမှာ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာစီးပွားရေးလုပ်ပိုင်ခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် စတဲ့အရာတွေ ကပ်ပါနေတာမို့ ဒီလွတ်မြောက်နယ်မြေဆိုတာတွေမှာ ဒါတွေကို အဲဒီနေရာတွေမှာ နေထိုင်သူအားလုံး ခံစားကြရပါပြီလား။
2 Oct 2025 ဒုတိယကမ္ဘာစစ်အတွင်းက လီဒိုလမ်းမ – အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာပြည်မြောက်ပိုင်းစီးပွားရေးကို ပြောင်းလဲစေနိုင်မလား ကူးသန်းသွားလာဖို့ ဒီလမ်းကြောင်းကို နှစ်ထောင်ချီ အသုံးပြုခဲ့ပြီး ဗြိတိသျှတွေကလည်း မဟာဗျူဟာမြောက် လွှမ်းမိုးနိုင်ဖို့ ပြန်လည်အသုံးပြုခဲ့တာပါ...လီဒိုလမ်းမ ပြန်လည်ဖွင့်လှစ်ရေးဟာ ကမ္ဘာ့ ဒုတိယနဲ့ စတုတ္ထ စီးပွားအဖွံ့ဖြိုးဆုံးနိုင်ငံတွေအပါအဝင် နိုင်ငံသုံးခုကို ချိတ်ဆက်ပေးထားလို့ ကုန်းတွင်းပိတ် ဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသအတွက် အပြောင်းအလဲကြီးကို ယူဆောင်လာမှာ ဖြစ်ပါတယ်။
30 Sep 2025 မော်စကိုပြန် စစ်ခေါင်းဆောင် – ငွေကုန်ကြေးကျများလှသော သံခင်းတမန်ခင်း ဒီလှုပ်ရှားမှုတွေဟာ စစ်တပ် ဒါမှမဟုတ် စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ ရေပေါ်ဆီထိပ်သီး လူနည်းစုက ဦးစီးတဲ့ နိုင်ငံဗဟိုပြု အကျပ်အတည်း စီမံခန့်ခွဲမှုပုံစံ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆက်လက်ရှင်သန်ရေး၊ နိုင်ငံတကာ တရားဝင်မှုနဲ့ ရေပေါ်ဆီ လူနည်းစုအလွှာရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးချင်တာ ဖြစ်ပါတယ်။ အများပြည်သူကို အကျိုးဖြစ်တဲ့ စီးပွားရေး နာလန်ထရေး ဒါမှမဟုတ် လူမှုဖွံ့ဖြိုးရေးတို့ကို ဦးစားမပေးပါဘူး။
23 Sep 2025 အာဏာရှင်စနစ်၏ အောင်မြင်သောထုတ်ကုန် စစ်ဗိုလ်ချုပ်ကြီးများ စစ်တပ်က ပုံစံချလို့မရတဲ့၊ အဆိပ်အတောက်တွေကိုမစားသုံးတဲ့ မအောင်မြင်သောထုတ်ကုန်တွေက ဒီနေရာဒီရာထူးကို ဘယ်သောအခါမှ မရောက်နိုင်ပါဘူး။ နှစ်ကာလ ကြာရှည်စွာ စစ်ဆေးမှုစံနှုန်းအဆင့်ဆင့်၊ ဆန်ခါအဆင့်ဆင့်ကို အောင်အောင်မြင်မြင်ဖြတ်သန်းပြီးမှ ရောက်ရှိလာတယ်ဆိုတာကို သတိမမေ့ဖို့ လိုအပ်ပါတယ်။
18 Sep 2025 ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။
5 Sep 2025 ရှန်ဟိုင်းပူးပေါင်းအဖွဲ့ (SCO) ဝင်ဖြစ်ရေး စစ်ကော်မရှင်၏ ကြိုးပမ်းမှု – ပြည်တွင်းပြည်ပ သက်ရောက်နိုင်ခြေများ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတရပ် ဖြစ်စေပါတယ်။ တကယ်လို့သာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ မျှော်မှန်းချက် တောင်းဆိုမှုတွေကို ပိုပြီးအသံမမြှင့်နိုင်ဘူးဆိုရင် စစ်ကော်မရှင်ဟာ SCO ကို အသုံးချပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုလုံးကိုပါ အကြမ်းဖက်တံဆိပ် ကပ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုပြီး ခြိမ်းခြောက်လာနိုင်ပါတယ်။
26 Aug 2025 မြန်မာပြည်တွင် ရှင်သန်ရခြင်း၏ ဝန်ထုပ်ဝန်ပိုး စစ်ကော်မရှင်အနေနဲ့ စစ်မှုထမ်းခိုင်းတဲ့အရသာကို ခံတွင်းတွေ့သွားပါပြီ။ အခုဆို အမျိုးသမီးစစ်မှုထမ်း အပတ်စဥ်တစ်ကိုတောင် စခေါ်လိုက်ပါသေးတယ်။ ဒါတွေကိုကြည့်ရင် ရွေးကောက်ပွဲအလွန်မှာလည်း စစ်မှုထမ်းကိစ္စကို ဖြေလျှော့ဖို့ မရှိနိုင်ပါဘူး။ ပဋိပက္ခအရှိန်လျော့ကျ(conflict de-escalation) လာရင်တော့ လူငယ်တွေ စစ်မှုထမ်းအန္တရာယ်လျော့မယ့် အခြေအနေရှိပါတယ်။
22 Aug 2025 တရုတ်-အမေရိကန် မြေရှားလိုအင်နှင့် နယ်ရုပ်မြန်မာ အမေရိကန်ကိုသာ တင်ပို့နိုင်ရင် လက်ရှိမှာ တရုတ်နိုင်ငံစျေးကွက်ကိုပဲ မှီခိုနေရတဲ့ မြန်မာ့မြေရှားသတ္တုတွေ စျေးပိုရနိုင်မယ်၊ ကချင်ပြည်နယ်က မြေရှားသတ္တုတွင်းတွေကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လို တော်လှန်ရေးအဖွဲ့တွေအတွက် တရုတ်နိုင်ငံကို မှီခိုရတာ လျှော့နိုင်မယ်လို့ ယူဆကြတာတွေ ရှိပါတယ်။
19 Aug 2025 ဆက်သွယ်မှုကျိန်စာသင့် ရခိုင်ပြည် ပြည်သူထောက်ခံမှုရှိနေတဲ့ တော်လှန်ရေးအစိုးရတရပ်အနေနဲ့ ဆက်သွယ်ရေးလိုင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း စတဲ့ ဆက်သွယ်ရေး နား၊ မျက်စိတွေကို ရခိုင်ပြည်သူတိုင်း လက်လှမ်းမီစေဖို့ (ဆိုးကျိုးမဖြစ်စေဘဲ) လွတ်လွတ်လပ်လပ် အသုံးပြုခွင့်ရအောင် ကြိုးပမ်းသင့်ပါတယ်။
15 Aug 2025 ဗျူဟာမြောက် မြန်မာ့မြေရှား အိန္ဒိယဆီ သွားနိုင်မလား မြန်မာ့မြေရှားသတ္တုတွေကို အမေရိကန်က မျက်စိကျနေချိန်မှာ ကွတ်အုပ်စု (Quad) ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယအနေနဲ့ အရင်းအမြစ်ပြုပြင်ရေး၊ သန့်စင်ထားတဲ့ မြေရှားသတ္တုတွေကို အမေရိကန်နိုင်ငံဆီ တင်ပို့နိုင်ရေးအတွက် ကြားခံအဖြစ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
12 Aug 2025 စစ်ကြောင့်ကြေရသော မျိုးစေ့နှင့် ကျေးလက်ယဉ်ကျေးမှု တောင်သူမိသားစုအချင်းချင်း ကောက်ပဲသီးနှံမျိုးစေ့တွေ လဲလှယ်တာနဲ့ ချစ်ကြည်ရင်းနှီးစွာ ကိုယ့်လယ်ကိုယ့်ယာ၊ ကိုယ့်အခင်းကိုယ့်ခြံတွေမှာ တဦးနဲ့ တဦး လုပ်အားပေးကြတဲ့ ဓလေ့တွေဟာလည်း စစ်ပွဲကြောင့် ပျက်ကုန်ပါတယ်။