နိုင်မင်းခန့်

နိုင်မင်းခန့်သည် ISP-Myanmar ၏ Conflict, Peace and Security Program က လူငယ်သုတေသီဖြစ်သည်။


Articles by
နိုင်မင်းခန့်

စစ်ကောင်စီရွေးကောက်ပွဲ ဦးသိန်းစိန် ၂.၀ ဖြစ်မလာနိုင်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အုပ်စီးထားပြီး စစ်ဘက်နဲ့ အရပ်ဘက်ကို အသွင်ပြောင်းလူခွဲကစားကြမယ့် အခင်းအကျင်းမျိုးပဲ ဖြစ်လာမှာပါ။ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် ပြည်တွင်းနိုင်ငံရေးပါတီတွေအနေနဲ့လည်း ‘ဦးသိန်းစိန် ၂.၀’ လို အခင်းအကျင်းမျိုး မျှော်လင့်ထားရင်တော့ မှားကြပါလိမ့်မယ်။

တော်လှန်ရေးအတွင်း မျက်ခြည်မပြတ်သင့်သော ဇာတ်ကွက်များ

ဖြစ်ရပ်ကို ပုံဖော်တဲ့ ဇာတ်လမ်းတွေက လှည့်စားနိုင်စွမ်းရှိတာကြောင့် နိုင်ငံရေး မျက်နှာစာမှာ ဒီဇာတ်လမ်းတွေက ဖြစ်ရပ်ထက် ပိုပြီး ကြောက်စရာကောင်းပါတယ်။ လူတွေရဲ့ စိတ်ကို မသိမသာလေး လှည့်စားသွားနိုင်ပါတယ်။ ... လူအများအကြား ဝေဝါးမှုတွေ ဖြစ်လာစေပါတယ်။

ဇော်ဂျီမျှော်ရည်သော ပြည်ထောင်စု ဘယ်တုန်းကမှ မဖြစ်ခဲ့ပါ

အင်အားကြီးတိုင်း ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ သရုပ်သကန်ကို အင်အားနဲ့ ဖိပြီး ကျင့်သုံးစေတာက ပဒေသရာဇ်ခေတ်ရဲ့ သဘာဝပါ။ ပြည်ထောင်စုဆိုတဲ့ နာမ်ဟာ ဒီလိုရေခံမြေခံ၊ ပတ်ဝန်းကျင်မျိုးမှာ ရှင်သန်နိုင်ဖို့ မရှိပါဘူး။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​
စာမူပေးပို့ရန်

Latest from the ISP Column

မြစ်ဆုံစီမံကိန်း စစ်ခေါင်းဆောင် ထင်သလောက် လွယ်ပါ့မလား

ကိုယ်အာဏာတည်မြဲဖို့ တရုတ်အကျိုးစီးပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ‘အကောင်အထည်ဖော်ပေးပါမယ်’လို့ အာမခံပြီး မျက်နှာချိုသွေးနေပုံရပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိထက် တရုတ်အစိုးရ စိတ်ကျေနပ်စေဖို့ပဲ အတင်းလုပ်နေသလို ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်မှာ စိတ်အားထက်သန်မှုကလွဲပြီး လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်မာတဲ့ အာမခံချက် တစုံတရာ ရှိမနေပါဘူး။

သေနတ်ပြောင်းဝဥပဒေဖြင့် အာဏာဆက်ချုပ်ကိုင်မည့် စစ်ခေါင်းဆောင်

လွှတ်တော်ကနေတဆင့် သမ္မတရာထူး ခန့်အပ်လက်ခံပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုပါ ပူးတွဲရယူထားတာမျိုး ဖြစ်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေက လွှတ်တော်က ဥပဒေတချို့ကို ပြင်ဆင်ပြဋ္ဌာန်းကာ စစ်တပ်ကို ထိန်းချုပ်နိုင်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဘက်ကော်မရှင်ဥက္ကဋ္ဌနေရာနဲ့ သမ္မတရာထူး ပူးတွဲရယူတာမျိုး ဖန်တီးလုပ်ဆောင်လာနိုင်ပါတယ်။
24 Dec 2025
,

ကြွတက်နေဦးမည့် လူထုလှုပ်ရှားမှု ဘယ်ဆီဘယ်ခရီးသို့

လူထုဟာ အသံတိတ်သပိတ်ကတဆင့် သူတို့ရဲ့ နိုင်ငံဲရေးလိုလားချက် အာသီသကို သမိုင်းအစဉ်အဆက် မပျက်မကွက် ပြသခဲ့သလို ထပ်မံပြသခဲ့ပြီးပါပြီ။ အတိုက်အခံခေါင်းဆောင်တွေအတွက်တော့ ဒီအာသီသနဲ့ ပါဝင်မှုတွေကို ကြွေးကြော်သံ slogan သက်သက်တင်မဟုတ်ဘဲ ရလဒ်ထွက်စေမယ့် အစီအမံ program တွေအဖြစ် ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ ပုစ္ဆာကို အဖြေရှာဖို့သာ လိုအပ်ပါကြောင်း တိုက်တွန်းချင်ပါတယ်။

အားနည်းချက်ကို ရောင်းကုန်အဖြစ် လှည့်စားနေသော စစ်ခေါင်းဆောင် 

စစ်ခေါင်းဆောင်ရဲ့ လှည့်ကွက်က ရိုးရှင်းပါတယ်...စစ်တပ်သာ ပြိုကွဲသွားရင် မြန်မာနိုင်ငံဟာ ဘယ်သူမှ မထိန်းချုပ်နိုင်တဲ့ ‘ကျဆုံးနိုင်ငံ’ (failed state) ဖြစ်သွားလိမ့်မယ်။ အဲဒီအခါ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒုက္ခသည်တွေ၊ လက်နက်မှောင်ခိုမှုတွေ၊ မတည်ငြိမ်မှုတွေ စတဲ့ နောက်ဆက်တွဲဂယက်တွေကို ကြုံရလာပါလိမ့်မယ်ဆိုတာပါပဲ။