POV

စစ်ကြောင့်ကြေရသော မျိုးစေ့နှင့် ကျေးလက်ယဉ်ကျေးမှု

တောင်သူမိသားစုအချင်းချင်း ကောက်ပဲသီးနှံမျိုးစေ့တွေ လဲလှယ်တာနဲ့ ချစ်ကြည်ရင်းနှီးစွာ ကိုယ့်လယ်ကိုယ့်ယာ၊ ကိုယ့်အခင်းကိုယ့်ခြံတွေမှာ တဦးနဲ့ တဦး လုပ်အားပေးကြတဲ့ ဓလေ့တွေဟာလည်း စစ်ပွဲကြောင့် ပျက်ကုန်ပါတယ်။
By  ဆိုင်းဗျူ  | August 12, 2025

မျိုးစေ့တွေဟာ အသက်ရှိကြောင်း ရှေးလူကြီးတွေ၊ တောင်သူလယ်သမားတွေ ပြောပြခဲ့ပါတယ်။ စိုက်ပျိုးရေးကိုရှေ့တန်းတင်တဲ့နိုင်ငံတွေမှာ အစားအစာတွေ လုံလုံလောက်လောက် ရရှိနိုင်ဖို့အတွက် အရမ်းကို အရေးကြီးနေပါတယ်။ ဒါပေမဲ့လည်း အခုကာလစစ်ပွဲတွေကြောင့် လူသားတွေ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အနာဂတ်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရောက်ရှိလာပါလိမ့်မယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာတပြည်လုံးဖြစ်ပွားလာတဲ့ စစ်ပွဲကြောင့် မူလမျိုးစေ့တွေ ရှင်သန်ပေါက်ဖွားဖို့အတွက် ခက်ခဲနေတဲ့ကာလ ဖြစ်နေပါတယ်။ ဘိုးဘေးဘီဘင် ခေတ်အဆက်ဆက် အတွေးအခေါ်တွေနဲ့ ဦးနှောက်အလုပ်လုပ်နှုန်းတွေ ပြောင်းလဲသွားပေမဲ့လည်း မူလမျိုးစေ့တွေ၊ မျိုးစိတ်တွေဟာ သဘာဝအတိုင်းပဲ ဓာတုနဲ့ မထိတွေ့သေးဘဲ ရှိနေကြတာပါ။ ဒါတွေကို တောင်သူလယ်သမားတွေ၊ စိုက်ပျိုးရေးသမားတွေက ကိုယ်တတ်နိုင်သလောက် ရာသီအလိုက် ခေတ်အဆက်ဆက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ကြပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဒါပေမဲ့ စပ်မျိုးလို့ ခေါ်နေကြတဲ့ တရုတ်နိုင်ငံဓာတ်ခွဲခန်းထုတ် ဓာတုမျိုးစေ့တွေကတော့ စိုက်ပျိုးမြေမှာ တရာသီပဲ စိုက်ပျိုးအသုံးပြုနိုင်ကြပြီး နောက်တကြိမ် ပြန်စိုက်လို့ မရတော့ပါဘူး။ ဒီလိုနဲ့  ဒေသရင်းမျိုးစေ့တွေကို ပျောက်ကွယ်ရှားပါးသွားအောင် ဝါးမျိုလာခဲ့ပါတယ်။  အနာဂတ်မှာ သတိပြုပြီး ပြင်ဆင်ထားသင့်ပါတယ်။ ဒီလို ဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေကို ကိုလိုနီမျိုးစေ့တွေအဖြစ် ယူဆနိုင်ပါတယ်။ အဲဒီမျိုးစေ့တွေဟာ ခရီးသွားနိုင်ခြင်းမရှိပါဘူး။ 

ပဲမျိုးစေ့တွေ၊ ပန်းဂေါ်ဖီ၊ စားသုံးဆီဖြစ်ပေါ်စေတဲ့ နှမ်းမျိုးစေ့တွေ၊ ငရုတ်သီး၊ ပြောင်းဖူး၊ စပါး၊ ခရမ်းချဉ်နဲ့ တခြား ကောက်ပဲသီးနှံမျိုးစေ့တွေဟာ စစ်ပွဲကြောင့် မျိုးတုံးပျောက်ကွယ်လုနီးပါး အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ဒီလိုပဲ ခေတ်အဆက်ဆက် ထိန်းသိမ်းလာခဲ့ကြတဲ့ ကျေးလက်ယဉ်ကျေးမှုလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။  တောင်သူမိသားစုအချင်းချင်း ကောက်ပဲသီးနှံမျိုးစေ့တွေ လဲလှယ်တာနဲ့ ချစ်ကြည်ရင်းနှီးစွာ ကိုယ့်လယ်ကိုယ့်ယာ၊ ကိုယ့်အခင်းကိုယ့်ခြံတွေမှာ တဦးနဲ့ တဦး လုပ်အားပေးကြတဲ့ ဓလေ့တွေဟာလည်း စစ်ပွဲကြောင့် ပျက်ကုန်ပါတယ်။ စစ်ပွဲတွေသာ မရှိခဲ့ရင် အဲဒီကျေးလက်လူမှုဘဝဟာ အတိုင်းအတာတခုအထိ တည်တံ့နေမယ်လို့ ယုံကြည်ထားပါတယ်။ စျေးကွက်ထဲမှာလည်း ကောက်ပဲသီးနှံထုတ်ကုန်တွေဟာ စျေးနှုန်း အဆမတန် မြင့်တက်နေပြီ ဖြစ်ပါတယ်။ ပြည်သူတွေလည်း စျေးနှုန်းမြင့်မားစွာနဲ့ ဝယ်ယူစားသောက် နေထိုင်နေရပါတယ်။ 

စစ်ပွဲရဲ့ ဖိအားကြောင့်သာမဟုတ်ခဲ့ရင်၊ စစ်သာမဖြစ်ခဲ့ရင် လုံခြုံစွာ စိုက်ပျိုးစားသောက်နိုင်မှာဖြစ်သလို စီးပွားဖြစ် ​ကောက်ပဲသီးနှံထုတ်ကုန်တွေကို စျေးကွက်ကို တင်ပို့နိုင်မှာ ဖြစ်ပါတယ်။ အခုလို လှပတဲ့ ကျေးလက်ယဉ်ကျေးမှုလည်း ပျက်စီးဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။ ဒါနဲ့အတူ ကျေးလက်လူထုတွေဟာလည်း ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို အန်တုနိုင်ပြီး  နေ့စဉ်အာဟာရ စားဝတ်နေရေးအတွက် ပူပန်နေစရာ လိုမှာမဟုတ်​ပါဘူး။ အခုတော့ တောင်သူလယ်သမားတွေဟာ မူလမျိုးစေ့တွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်စွမ်း မရှိတော့ဘဲ စစ်ရှောင်ဘဝနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပြီး ကုန်ဈေးနှုန်းဒုက္ခကိုလည်း ခါးစည်းခံ ကြုံတွေ့နေရပါတယ်။

၂၀၁၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တပ်မတော်တို့ ဖြစ်ခဲ့တဲ့ တကျော့ပြန်စစ်ပွဲ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါက်ဖွားလာတဲ့  နွေဦးတော်လှန်ရေးစစ်ပွဲတွေကြောင့် မူလမျိုးစေ့၊ မျိုးစိတ်တွေ ခေါင်းပါးမှု အကျပ်အတည်းကို ရင်ဆိုင်နေရပါပြီ။ အနာဂတ်မှာလည်း အဲဒီအကျပ်အတည်းထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း ပြည်သူတွေ၊ နိုင်ငံရေးခေါင်း​ဆောင်တွေနဲ့ စစ်ခေါင်းဆောင်တွေ သတိပြုသင့်ပါတယ်။ 

စစ်ပွဲကြောင့် မူလမျိုးစေ့တွေ၊ ဒေသမျိုးရင်းမျိုးစေ့တွေ ဟိုးအဝေးကြီးကို ခရီးမထွက်နိုင်တော့ပါဘူး။ စိုက်ပျိုးလို့ရတဲ့ ဧကပေါင်းများစွာသော လယ်ကွင်းတွေဟာလည်း စစ်ဒဏ်ကြောင့် အသက်ငွေ့ငွေ့လေးပဲ ဖြစ်လို့နေပါပြီ။ ပဋိပက္ခတွေ ပြေငြိမ်းရေးကိစ္စအပြင် မူလမျိုးစေ့၊ မျိုးစိတ်တွေနဲ့ အစားအသောက် လုံခြုံရေးဟာလည်း မြန်မာပြည်သူတွေအတွက် အရေးကြီးနေပါပြီ။ မျိုးစေ့တွေလည်း စစ်ကြောင့် အသက်ငွေ့ငွေ့လေးသာ ကျန်ရှိပါတော့တယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles