9 Dec 2025 အိန္ဒိယ၏ ဗျူဟာမြောက်အကျိုးစီးပွားကို မြန်မာကာကွယ်နိုင်မည်လော စစ်ရေးအရ အားလျော့နေသေးတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ အိန္ဒိယရင်းနှီးမြှုပ်နှံမှုစီမံကိန်းနေရာတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်မပေးနိုင်တာကြောင့် အိန္ဒိယအစိုးရအနေနဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေကို ငှားရမ်းဖို့ တိတ်တဆိတ်စဉ်းစားနေတယ်ဆိုတဲ့ သတင်းက အဆန်းတော့ မဟုတ်ပါဘူး။
11 Nov 2025 မြန်မာနှင့် အရှေ့တောင်အာရှက ကျားဖြန့်အရိပ်မည်း – အိန္ဒိယ၏ အမြင် အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ အိန္ဒိယနိုင်ငံအတွင်း ကပ်ရောဂါတခုလို ပျံ့နှံ့လာတဲ့အတွက် တရားမဝင် လုပ်သားစုဆောင်းမှုတွေကို ရာဇဝတ်မှုအဖြစ် ဗဟိုအစိုးရက သတ်မှတ်တားဆီးပေးဖို့ အိန္ဒိယလွှတ်တော်ကော်မတီတခုက လိုလားနေပါတယ်။
2 Oct 2025 ဒုတိယကမ္ဘာစစ်အတွင်းက လီဒိုလမ်းမ – အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာပြည်မြောက်ပိုင်းစီးပွားရေးကို ပြောင်းလဲစေနိုင်မလား ကူးသန်းသွားလာဖို့ ဒီလမ်းကြောင်းကို နှစ်ထောင်ချီ အသုံးပြုခဲ့ပြီး ဗြိတိသျှတွေကလည်း မဟာဗျူဟာမြောက် လွှမ်းမိုးနိုင်ဖို့ ပြန်လည်အသုံးပြုခဲ့တာပါ...လီဒိုလမ်းမ ပြန်လည်ဖွင့်လှစ်ရေးဟာ ကမ္ဘာ့ ဒုတိယနဲ့ စတုတ္ထ စီးပွားအဖွံ့ဖြိုးဆုံးနိုင်ငံတွေအပါအဝင် နိုင်ငံသုံးခုကို ချိတ်ဆက်ပေးထားလို့ ကုန်းတွင်းပိတ် ဖြစ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသအတွက် အပြောင်းအလဲကြီးကို ယူဆောင်လာမှာ ဖြစ်ပါတယ်။
5 Sep 2025 ရှန်ဟိုင်းပူးပေါင်းအဖွဲ့ (SCO) ဝင်ဖြစ်ရေး စစ်ကော်မရှင်၏ ကြိုးပမ်းမှု – ပြည်တွင်းပြည်ပ သက်ရောက်နိုင်ခြေများ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတရပ် ဖြစ်စေပါတယ်။ တကယ်လို့သာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ မျှော်မှန်းချက် တောင်းဆိုမှုတွေကို ပိုပြီးအသံမမြှင့်နိုင်ဘူးဆိုရင် စစ်ကော်မရှင်ဟာ SCO ကို အသုံးချပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုလုံးကိုပါ အကြမ်းဖက်တံဆိပ် ကပ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုပြီး ခြိမ်းခြောက်လာနိုင်ပါတယ်။
15 Aug 2025 ဗျူဟာမြောက် မြန်မာ့မြေရှား အိန္ဒိယဆီ သွားနိုင်မလား မြန်မာ့မြေရှားသတ္တုတွေကို အမေရိကန်က မျက်စိကျနေချိန်မှာ ကွတ်အုပ်စု (Quad) ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အိန္ဒိယအနေနဲ့ အရင်းအမြစ်ပြုပြင်ရေး၊ သန့်စင်ထားတဲ့ မြေရှားသတ္တုတွေကို အမေရိကန်နိုင်ငံဆီ တင်ပို့နိုင်ရေးအတွက် ကြားခံအဖြစ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။