13 Nov 2025 ဤခရီး ဝေးလှသည် တကယ်ဆို...လမ်းမှာ ပရိတ်ကြီး ၁၁ သုတ် ရွတ်နေဖို့ ကောင်းတယ်။ ဒါပေမဲ့ နုံနုံအအ တောသူပေမို့ စပယ်ယာတိုင်ပေးတဲ့ စစ်ဆေးရေးဂါထာကိုပဲ တတွတ်တွတ် ကျက်မှတ်လာရတယ်။ “ စစ်တပ်ဂိတ်ဆို ထောက်ခံစာ ပြ၊ ပီဂိတ်တွေဆို ထောက်ခံစာ လုံးဝမထုတ်မိစေနဲ့၊ ဖုန်းကတော့ ဘယ်ဂိတ်ရောက်ရောက် မသုံးနဲ့”။ ဒါ့ပြင် ဝတ်စုံမြင်ရုံနဲ့ မခွဲခြားတတ်တော့ မငိုက်မိအောင်ပါ ကြိုးစားနေရသေးတယ်။
25 Sep 2025 ကျနော်တို့ အညာမှာ ဒီလိုပဲ ရှိတယ် ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။
17 Mar 2025 အညာဟာ အညာခံနေရသလား – အညာစစ်တမ်း အညာဟာ တော်လှန်ရေးကြာလာတာနဲ့အမျှ အပြောအဆိုခံ၊ အငြိုငြင်ခံလာရပါတယ်။ အငြိုငြင်ခံထိုက်လို့ ခံနေရတာလား၊ အညာသားတွေဟာ တော်လှန်ရေးအသုံးချ လုပ်စားနေကြတာလားဆိုတဲ့ မေးခွန်းတွေ တသီကြီး ထွက်လာပါလိမ့်မယ်။