30 Dec 2025 မြစ်ဆုံစီမံကိန်း စစ်ခေါင်းဆောင် ထင်သလောက် လွယ်ပါ့မလား ကိုယ်အာဏာတည်မြဲဖို့ တရုတ်အကျိုးစီးပွားဖြစ်တဲ့ မြစ်ဆုံစီမံကိန်းကို ‘အကောင်အထည်ဖော်ပေးပါမယ်’လို့ အာမခံပြီး မျက်နှာချိုသွေးနေပုံရပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်နိုင်ခြေ ရှိ၊ မရှိထက် တရုတ်အစိုးရ စိတ်ကျေနပ်စေဖို့ပဲ အတင်းလုပ်နေသလို ဖြစ်နေပါတယ်။ စစ်ခေါင်းဆောင်မှာ စိတ်အားထက်သန်မှုကလွဲပြီး လက်ဆုပ်လက်ကိုင်ပြစရာ ခိုင်မာတဲ့ အာမခံချက် တစုံတရာ ရှိမနေပါဘူး။
24 Dec 2025 ကြွတက်နေဦးမည့် လူထုလှုပ်ရှားမှု ဘယ်ဆီဘယ်ခရီးသို့ လူထုဟာ အသံတိတ်သပိတ်ကတဆင့် သူတို့ရဲ့ နိုင်ငံဲရေးလိုလားချက် အာသီသကို သမိုင်းအစဉ်အဆက် မပျက်မကွက် ပြသခဲ့သလို ထပ်မံပြသခဲ့ပြီးပါပြီ။ အတိုက်အခံခေါင်းဆောင်တွေအတွက်တော့ ဒီအာသီသနဲ့ ပါဝင်မှုတွေကို ကြွေးကြော်သံ slogan သက်သက်တင်မဟုတ်ဘဲ ရလဒ်ထွက်စေမယ့် အစီအမံ program တွေအဖြစ် ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ ပုစ္ဆာကို အဖြေရှာဖို့သာ လိုအပ်ပါကြောင်း တိုက်တွန်းချင်ပါတယ်။
27 Nov 2025 သိမ်းပိုက်ခံမြို့ထဲက မြေစာမြက်များ စစ်ပွဲအတွင်း အရပ်သားများကိုကာကွယ်ရေးအတွက် နိုင်ငံတကာဥပဒေများရှိကြောင်း မြို့ထဲမှာ ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်သည့် လူငယ်တချို့ထံကနေ ကြားဖူးနားဝရှိဖူးသည်။ ထိုစကားကိုကြားစက ပြောနေကြသူ လူငယ်ကလေးများ၏ မျက်လုံးများကို သူ ကိုယ်တိုင်ကိုယ်ကျ လက်ဖြင့်ဖြဲကာ မေးလိုက်ချင်သည်။ မည်သူက မည်သူ့ကို ကာကွယ်နေသည်ကို တွေ့သနည်းဟူ၍။
16 Oct 2025 ‘ကယ်တင်ရှင်’တို့၏အလွန် – စိမ်းလန်းသော မျှော်လင့်ချက်များဆီသို့ (ရေတံခွန်အောက်က ရှုပ်ထွေးသော အရိပ်များ) စစ်ရေးအရ အောင်မြင်မှုဟာ နိုင်ငံရေးအရ အောင်မြင်မှုနဲ့ ထပ်တူမကျပါဘူး။ လုံခြုံရေးပေးတယ်ဆိုတာ လက်နက်အင်အားနဲ့ ရန်သူကို ချေမှုန်းရုံသက်သက် မဟုတ်ဘဲ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံခန့်ခွဲတတ်ဖို့ အရေးကြီးပါတယ်။
14 Oct 2025 ဓားသွား မကြွေ၊ လှံမခွေဖို့ ဘယ်သူနိုင်နိုင် ငါတို့ကတော့ ဘာမှမရဘူးဆိုတဲ့ အမြင်မျိုးတွေ လူတွေထဲမှာ ရှိနေမယ်ဆိုရင်တော့ လူထုအနေနဲ့ အုပ်စုနှစ်ခုဖြစ်တဲ့ စစ်ပွဲလို့သဘောထားပြီး စိတ်ပျက်စွာပဲ စောင့်ကြည့်နေရုံထက် ပိုတော့မှာမဟုတ်ပါဘူး။ အဲဒီလိုအမြင်တွေ အမြစ်တွယ်သွားမယ်ဆိုရင်တော့ ဆိုးသွားပါပြီ။
12 Aug 2025 စစ်ကြောင့်ကြေရသော မျိုးစေ့နှင့် ကျေးလက်ယဉ်ကျေးမှု တောင်သူမိသားစုအချင်းချင်း ကောက်ပဲသီးနှံမျိုးစေ့တွေ လဲလှယ်တာနဲ့ ချစ်ကြည်ရင်းနှီးစွာ ကိုယ့်လယ်ကိုယ့်ယာ၊ ကိုယ့်အခင်းကိုယ့်ခြံတွေမှာ တဦးနဲ့ တဦး လုပ်အားပေးကြတဲ့ ဓလေ့တွေဟာလည်း စစ်ပွဲကြောင့် ပျက်ကုန်ပါတယ်။
19 Jul 2025 စစ်နွံထဲက ပြည်သူ၊ ပြည်သူထဲက မျှော်လင့်ချက် ပစ္စည်းဥစ္စာတွေ ပေါင်နှံရောင်းချ နေကြရတာ၊ မိသားစုအတွင်း ကတောက်ကဆဖြစ်ပွားရမှုတွေနဲ့ နေ့စဉ်ရုန်းကန်နေရမှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေထဲမှာ အများစုရဲ့ ဆန္ဒက စစ်ရေးအောင်မြင်မှုတွေအပြင် သူတို့ရဲ့ နေ့စဉ်ဘဝတည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်လည်ပတ်နိုင်ရေးတို့ ဖြစ်တယ်...
5 May 2025 လမ်းပျောက်နေသော အနာဂတ်မဲ့ဘ၀ စစ်ပွဲများအကြား ကိုယ်လွတ်ရုန်း ပြေးလွှားနေရသည့် သူတို့အဖို့ လက်ထဲတွင် ခြူးတပြားမှ ပါမလာ။ ဖုန်းလိုင်းပင်မမိသော အနေအထားတရပ်နှင့် ဖုန်းဆိုလျှင် ခလုတ်ပင် ကောင်းစွာမနှိပ်တတ်သော အဘိုးအဘွားများ၏ လက်ကိုင်ဖုန်းများပါမကျန် လုံခြုံရေးအကြောင်းပြချက်ဖြင့် သိမ်းယူသွားသည်။