12 Dec 2025 စစ်အုပ်စု၏ရွေးကောက်ပွဲ လာရာနှင့် လားရာ – လမ်းဆုံလမ်းခွပေါ်က နွေဦးတော်လှန်ရေး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွေမှာ အတိုက်အခံအားလုံးကို ပါဝင်အောင်ကြိုးစား၊ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ထိုက်သင့်တဲ့ လွတ်လပ်ခွင့်တွေကို ဖြေလျှော့ပြီးမှ လုပ်ကြတာပါ။ စစ်အုပ်စုကတော့ အတိုက်အခံအကုန်လုံးကို ထောင်ထဲထည့်၊ ပါတီဖျက်သိမ်း၊ ဖိနှိပ်ထားပြီး အားလုံးကို စိတ်တိုင်းကျ ချည်နှောင်ထားပါတယ်။ အကြမ်းဖက်မှုတွေလည်း ပိုလုပ်နေပါတယ်။
2 Dec 2025 စစ်ကော်မရှင်၏ ရာသီစာ ကျားဖြန့်ရုပ်ရှင် ဒီလုပ်ငန်းတွေက ကြီးမားတဲ့အဆောက်အအုံတွေ၊ ခြံဝင်းတွေရှိမှ လုပ်လို့ရတာမဟုတ်ပါဘူး။ မြို့ကြီးတွေက တိုက်ခန်းတွေမှာ စိမ့်ဝင်နေရာယူလာတဲ့ ပုံစံမျိုးကိုလည်း ပြောင်းလဲလာနိုင်ပါတယ်။ ရှမ်းမြောက်ကလုပ်ငန်းတွေဟာ ရှမ်းတောင်နဲ့ ရှမ်းအရှေ့ကို ကင်ဆာဆဲလ်ပျံ့သလို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအထိ တစိမ့်စိမ့်နဲ့ ဝင်လာနိုင်ပါတယ်။
25 Nov 2025 KNU ခေါင်းဆောင်ဟောင်းကို ထုတ်ပယ်ခြင်း ဒီလို လုပ်ဆောင်ကြတဲ့ ရည်ရွယ်ချက်က ရန်သူ တကယ်ဖြစ်နေတဲ့သူတွေ ဒါမှမဟုတ် ရန်သူလို့ ထင်မြင်ယူဆမိကြတဲ့သူတွေ၊ သဘောတရားရေး ယိမ်းယိုင်တာ၊ အဂတိလိုက်စားမှုရှိတာ (တော်လှန်ရေးစကားမှာတော့ လူတန်းစားဗီဇမမှန်တာ၊ ဖောက်ပြန်တာ) တွေ ရှိလာရင် အရေးယူကြရတယ် ဆိုတာမျိုးပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ အချို့သောသူတွေကို ကာလတခုအကြာမှာတော့ ပြန်ပြီးသူကောင်းပြု၊ အသိအမှတ်ပြုလက်ခံရတာမျိုးတွေ ရှိပါတယ်။
21 Oct 2025 မြန်မာ့အရေး အမေရိကန်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာနှင့် အိန္ဒိယနိုင်ငံအပေါ် သက်ရောက်မှုများ စိတ်ဝင်စားစရာကောင်းတာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို နောက်ခံထားပြီး မြန်မာနိုင်ငံအတွင်းမှာ လျှို့ဝှက်စစ်ဆင်ရေး ပြုလုပ်ဖို့ တိတ်တဆိတ်လုပ်ဆောင်နေခဲ့တာပါ။ အမေရိကန်အရာရှိတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
9 Oct 2025 လွတ်မြောက်နယ်မြေတဲ့လား လွတ်မြောက်ခြင်းဆိုတဲ့ ဝေါဟာရထဲမှာ လွတ်လပ်စွာသွားလာခွင့်၊ လွတ်လပ်စွာစီးပွားရေးလုပ်ပိုင်ခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် စတဲ့အရာတွေ ကပ်ပါနေတာမို့ ဒီလွတ်မြောက်နယ်မြေဆိုတာတွေမှာ ဒါတွေကို အဲဒီနေရာတွေမှာ နေထိုင်သူအားလုံး ခံစားကြရပါပြီလား။
18 Sep 2025 ဗိုလ်ချုပ်ကြီး ငါးဦးကျန် ဘယ်သူတင်ကျန်မလဲ မထင်မှတ်တာတွေ ထလုပ်တတ်ပြီး အရည်အချင်းထက် သစ္စာခံနိုင်မှုကိုသာ အလေးပေးတတ်တဲ့ စစ်ခေါင်းဆောင်ကြောင့် စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအလွန်ကာလတွေမှာ စစ်တပ်တွင်းရာထူးနေရာများစွာဟာ မထင်မှတ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်အုံးမှာ အသေအချာဖြစ်ပါတယ်။
9 Sep 2025 အိုးစားဖက်ကို ဘယ်လိုရွေး စစ်မျက်နှာ ပတ်လည်ဝိုင်းနေဆဲ စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ ဘယ်တပ်ဖွဲ့တွေနဲ့ လက်တွဲတိုက်မလဲဆိုတာ စံနှုန်းသုံးချက်နဲ့ ရွေးချယ်နေတယ်လို့ အနုမာနပြုချင်ပါတယ်။ ဒီစံနှုန်းတွေကတော့ စစ်ကော်မရှင်တပ်နဲ့ စစ်စီးပွားရေးအရ ကျေးဇူးခံ-ကျေးဇူးစား ဆက်ဆံရေး နက်နက်ရှိုင်းရှိုင်းရှိိနေတာ၊ သက်ဆိုင်ရာဒေသမှာ အာဏာကို အပြည့်အဝခြေကုပ်ယူထားနိုင်တာနဲ့ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဇာတ်ညွှန်းအတိုင်းသာ လိုက်ပါကပြတာတွေပဲ ဖြစ်ပါတယ်။
5 Sep 2025 ရှန်ဟိုင်းပူးပေါင်းအဖွဲ့ (SCO) ဝင်ဖြစ်ရေး စစ်ကော်မရှင်၏ ကြိုးပမ်းမှု – ပြည်တွင်းပြည်ပ သက်ရောက်နိုင်ခြေများ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတရပ် ဖြစ်စေပါတယ်။ တကယ်လို့သာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ မျှော်မှန်းချက် တောင်းဆိုမှုတွေကို ပိုပြီးအသံမမြှင့်နိုင်ဘူးဆိုရင် စစ်ကော်မရှင်ဟာ SCO ကို အသုံးချပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုလုံးကိုပါ အကြမ်းဖက်တံဆိပ် ကပ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုပြီး ခြိမ်းခြောက်လာနိုင်ပါတယ်။
3 Sep 2025 KNU ကို စစ်ကော်မရှင်က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း – သိသင့်သော အချက်ငါးချက် KNU ဟာ ... အခုကြေညာချက်ကို ခြိမ်းခြောက်မှုတခုအဖြစ် ယူဆမယ်မထင်ပါဘူး။ ဒါကို စည်းကြပ်ဖို့ဆိုရင် ထိုင်းနိုင်ငံလို အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ ပူးပေါင်းမှုလိုပါတယ်။ အင်တာပိုလို အဖွဲ့တွေကိုလည်း စစ်ကော်မရှင်ကတောင်းဆိုမှာပါ။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရှိလာရင် KNU အဖွဲ့ဝင်တွေရဲ့ ခရီးသွားလာရေး၊ ဘဏ်ငွေကြေးပိုင်ဆိုင်မှုများအပေါ် တင်းကျပ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ဖို့ အလားအလာနည်းပါတယ်။
26 Aug 2025 မြန်မာပြည်တွင် ရှင်သန်ရခြင်း၏ ဝန်ထုပ်ဝန်ပိုး စစ်ကော်မရှင်အနေနဲ့ စစ်မှုထမ်းခိုင်းတဲ့အရသာကို ခံတွင်းတွေ့သွားပါပြီ။ အခုဆို အမျိုးသမီးစစ်မှုထမ်း အပတ်စဥ်တစ်ကိုတောင် စခေါ်လိုက်ပါသေးတယ်။ ဒါတွေကိုကြည့်ရင် ရွေးကောက်ပွဲအလွန်မှာလည်း စစ်မှုထမ်းကိစ္စကို ဖြေလျှော့ဖို့ မရှိနိုင်ပါဘူး။ ပဋိပက္ခအရှိန်လျော့ကျ(conflict de-escalation) လာရင်တော့ လူငယ်တွေ စစ်မှုထမ်းအန္တရာယ်လျော့မယ့် အခြေအနေရှိပါတယ်။
5 Aug 2025 စစ်ကော်မရှင်၏ မျှော့ကြိုးဥပဒေများ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေမှာပါတဲ့ ပြစ်ဒဏ်တွေဟာ သာမန်အချိန်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ချမှတ်တဲ့ ပြစ်ဒဏ်တွေထက် ပိုပြင်းထန်ပါတယ်... ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဆန့်ကျင်လိုတဲ့ လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေကို ရာဇသံ ပေးလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။
1 Aug 2025 စစ်ကောင်စီမှသည် စစ်ကော်မရှင်သို့ – စစ်ခေါင်းဆောင်၏ အာဏာကစားပွဲ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး လေးနှစ်ခွဲအကြာမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)ဆိုတဲ့နာမည်ကို အဆုံးသတ်လိုက်ပြီး နာမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်ပါပြီ။ ဒါကတော့ ‘နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်’ဆိုတာပါပဲ။ သူ့ကိုလည်း အရင်အတိုင်းပဲ စစ်ကော်မရှင်လို့ ခေါ်နေကြပါတယ်။ တခါ ကာလုံအတွက် ရာထူးအသစ်ဖန်တီးခန့်ထားလိုက်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းသံတွေ တော်လှန်ရေးအင်အားစုတွေအကြား ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ချိန်မှာ စစ်ကောင်စီက အပြောင်းအလဲကို အရင်လုပ်လိုက်တာပါ။ ဒါဟာ သူစီစဉ်ထားတဲ့ အချိန်ဇယားအရလို့လည်း ယူဆနိုင်ပါတယ်။ စစ်ကောင်စီရဲ့ အခုအပြောင်းအလဲဟာ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲအလွန် အာဏာဆက်ကိုင်ထားနိုင်ဖို့အတွက် စနစ်တကျ ပြင်ထားတာကို မြင်ရပါတယ်။ ကာလုံလို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေကို ပြန်အပ်လိုက်ပြီလို့ ဆိုပါတယ်။ ဒီပြောင်းလဲလိုက်တဲ့ ပုံစံအသစ်ကို လည်ပတ်ဖို့ ယန္တရားလေးခု […]