2 Dec 2025 စစ်ကော်မရှင်၏ ရာသီစာ ကျားဖြန့်ရုပ်ရှင် ဒီလုပ်ငန်းတွေက ကြီးမားတဲ့အဆောက်အအုံတွေ၊ ခြံဝင်းတွေရှိမှ လုပ်လို့ရတာမဟုတ်ပါဘူး။ မြို့ကြီးတွေက တိုက်ခန်းတွေမှာ စိမ့်ဝင်နေရာယူလာတဲ့ ပုံစံမျိုးကိုလည်း ပြောင်းလဲလာနိုင်ပါတယ်။ ရှမ်းမြောက်ကလုပ်ငန်းတွေဟာ ရှမ်းတောင်နဲ့ ရှမ်းအရှေ့ကို ကင်ဆာဆဲလ်ပျံ့သလို ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအထိ တစိမ့်စိမ့်နဲ့ ဝင်လာနိုင်ပါတယ်။
11 Nov 2025 မြန်မာနှင့် အရှေ့တောင်အာရှက ကျားဖြန့်အရိပ်မည်း – အိန္ဒိယ၏ အမြင် အွန်လိုင်းငွေလိမ်လုပ်ငန်းဟာ အိန္ဒိယနိုင်ငံအတွင်း ကပ်ရောဂါတခုလို ပျံ့နှံ့လာတဲ့အတွက် တရားမဝင် လုပ်သားစုဆောင်းမှုတွေကို ရာဇဝတ်မှုအဖြစ် ဗဟိုအစိုးရက သတ်မှတ်တားဆီးပေးဖို့ အိန္ဒိယလွှတ်တော်ကော်မတီတခုက လိုလားနေပါတယ်။
25 Jul 2025 ကိုယ့်လုပ်အားဟာ မတရားမှုအတွက် တံခါးမဖြစ်စေပါနှင့် အလုပ်ခေါ်သူကို တယ်လီဂရမ်ကတဆင့်သာ ဆက်သွယ်ခဲ့ရပြီး လုပ်ငန်းရှင်ဘက်က လုပ်ငန်းအကြောင်း ရှင်းရှင်းလင်းလင်း မပြော။ ဝေဝါးနေတယ်။ အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ်အစမှာပဲ ပတ်စ်ပို့၊ Facebook ပရိုဖိုင်နဲ့ ကိုယ်ရေးကိုယ်တာပုံတွေကို တောင်းခံခဲ့တယ်။
14 Jul 2025 ကြံ့ကြီးဘယ်ရောက်သွားလဲ – ခြေရာလည်းပျောက်၊ ရေလည်းနောက် ဓားစာခံဘဝများ ဒီအရပ်မှာ ပြောစမှတ်တခုက ဘာလဲဆိုတော့ ကျားဖြန့်ဖမ်းပွဲကြီးလာတော့ တရုတ်တွေ အထုပ်အပိုးတွေထမ်းပြီး ပြေးကြသတဲ့။ ... လေးငါးရက်လောက်နေတော့ အထုပ်အပိုး တွေနဲ့ပဲ သူတို့ ပြန်ရောက်လာကြသတဲ့။ လက်ထဲမှာ မြန်မာမှတ်ပုံတင်ကတ်ကလေးတွေတောင် အဆစ်ပါလာကြသေးဆိုပဲ။